7:17 PM
0

 စကားအရာမှာ သိပ်ကို လှပပါတယ်။ ပြောရတာလွယ်သလောက် လက်တွေ့မှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်မိပါတယ်။ ကမ္ဘာကြီးက တညီတညွတ်တည်း လက်ခံထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ဒီသဘောကို ညွှန်းဆိုခြင်းဖြစ်ပါတယ်။ ဒီသဘောနဲ့ ဖီလာဆန့်ကျင်ဖြစ်နေသူကို ဒီသဘောတရားဘောင်ထဲရောက်အောင် မပြုပြင်ဘဲနဲ့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ဆိုတဲ့ စကားကို ပြောနေကြမယ့် ဆိုရင် လူကြားကောင်းအောင် ညှောင်နေသူများပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဘာသာရေးယုံကြည်ချက်ကို ဒီနေရာမှာ လျစ်လျှူရှုပြီး ပြောဆိုမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကို ကျွန်တော်ပြောမယ်ဗျာ။ ဗုဒ္ဓဘာသာဟာ သူ့ကို မကိုးကွယ်တဲ့ အခြားသော ဘာသာဝင်တွေကို မိစ္ဆာဒိဋ္ဌိလို့ ပြောတယ်။ ထိုနည်းတူစွာပဲ အခြားသောဘာသာတွေကလည်း ခရစ်ယာန်ကနေ အခြားသော ဘာသာကိုဖြစ်စေ ၊ အစ္စလာမ်ကနေ အခြားသော ဘာသာကိုဖြစ်စေ ဒီလိုပဲ သတ်မှတ်တယ်။ ဗုဒ္ဓဘာသာရဲ့ လမ်းညွှန်ချက်တွေမှာ ဘာသာမတူသူတွေကို သတ်ဖြတ်တိုက်ခိုက်ဖို့ ညွှန်ကြားထားတာမျိုး မတွေ့ရဘူး။ သာသနာ့ဝန်ထမ်းမဟုတ်သော ယုံကြည်ကိုးကွယ်သူအဆင့်ကို နည်းပေးလမ်းပြရာမှာ ၅ပါးသီလလို့ ခေါင်းစဉ်တပ်ထားတဲ့ -
 *ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
 *ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ သူတစ်ပါး
သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊
 *မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒါဆိုရင် အခြေခံ သဘောတရားအရ လက်ခံနိုင်ကြလိမ့်မယ်လို့ ထင်တယ်။ ကိုယ့်ကြောင့် သူတပါးကို ဒုက္ခရောက်ပါစေ ၊ သေပါစေ ၊ သတ်မယ် ဖြတ်မယ်လို့ မပါတာကိုတော့ လက်ခံလို့ရပြီပေါ့နော်။
 ခရစ်ယာန်ကို ကျွန်တော်ပြောမယ်ဗျာ။ ခရစ်ယာန်တွေမှာ ပညတ်ချက် (၁၀)ပါးလို့လာတယ်။ သူတို့ရဲ့ ပညတ်တော်က - ၁။ ဘုရားတစ်ဆူအပြင် မည့်သည့်အရာ၊ သတ္တ၀ါကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်း မပြုနှင့်။ ၂။ ဘုရားသခင်၏ နာမတော်မြတ်ကို မရိုမသေ အလွဲသုံးစား မပြုနှင့်။ ၃။ ဘုရားသခင်၏ သတင်းဥပုသ်နေ့ကို စောင့်လော့။ ၄။ မိဘတို့အား ရိုသေလော့။ ၅။ လူ့အသက်ကို မသတ်နှင့်။ ၆။ ကာမဂုဏ် အမှု၌ မမွေ့လျှော်နှင့်။ ၇။ တစ်ပါးသူ၏ ဥစ္စာကို မခိုးယူနှင့်။ ၈။ မမှန်သော သက်သေကို မခံနှင့်။ ၉။ တစ်ပါးသူ၏ မယားကို တပ်မက်ခြင်း မရှိနှင့်။ ၁၀။ တစ်ပါးသူ၏ ဥစ္စာပစ္စည်းကို လိုချင်သော လောဘစိတ် မရှိနှင့်။ ဗုဒ္ဓဘာသာနဲ့ကွဲလွဲမှုလေးတွေ ရှိပေမယ့် တူတဲ့အချက်တွေလည်း ရှိတယ်။ လူ့အသက်ကို သတ်ဖို့ညွှန်းဆိုထားတာမျိုးတော့မရှိဘူးဗျာ။ ဒီလောက်ဆို လက်ခံလို့ရမလား။ ဗုဒ္ဓဘာသာမှာ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကျဉ်ပါ၏ လို့ဆိုထားတယ်။ ခရစ်ယန်မှာ မမှန်သော သက်သေကို မခံနှင့် တဲ့။
 ဟိန္ဒူကိုကျွန်တော်ပြောမယ်ဗျာ။ ဗုဒ္ဓကိုတောင်သူတို့ဘုရားရဲ့ အ၀တာရ(၉)ဦးထဲက တစ်ဦးလို့ သူတို့က ယူဆကြတယ်။ ရှေးအကျဆုံး ဘာသာတရားအဖြစ် အားလုံးကို လက်ခံထားတယ်။ သူတို့မှာ ကိုးကွယ်ပူဇော်ရာတွေများတယ်။ ထာဝရဘုရားရဲ့ တပည့်တွေပေါ့။ ဟိန္ဒူမှာဆိုရင် တရားအားထုတ်မှု ကို အဓိကလမ်းညွှန်ထားတယ်။ ဟိန္ဒူတွေရဲ့ ကျမ်းစာတွေမှာဆိုရင် ဝေဒကျမ်းများ ၊ပူရာဏ်ကျမ်းများ ၊ ဥပါဒ်နိသျှဒ်ကျမ်းများ၊ သျှတ္တရကျမ်း၊ ရာမရဏကျမ်း၊ မဟာဘရတကျမ်း ၊ ဘဂ၀တ်ဂီတကျမ်း ၊ တိပိဋကကျမ်းများ ၊ သိကုဂုရယ်လ်ကျမ်း၊ ဂုဂုဂရန့်သ်ကျမ်းတွေရှိတယ်။ ဋိပိတကကျမ်းဆိုတာကတော့ ဗုဒ္ဓကျမ်းတွေကိုပဲ သူတို့ရဲ့ကျမ်းတွေအဖြစ် သတ်မှတ်ထားခြင်းလို့ သိရတယ်။ ဟိန္ဒူတွေရဲ့ နေ့စဉ်ဘ၀မှ ဆုတောင်းဆုယူ ပြုကြတယ်။ အခြားသူကို ရန်ပြုဖို့တိုက်တွန်းချက်မျိုးမရှိဘူး။ အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူယဉ်ကျေးမှု ၊ ဟိန္ဒူစာပေတွေဟာ ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့သည်အထိ သမိုင်းမှတ်တမ်းတွေရှိပါတယ်။ နိုင်ငံပေါင်းစုံက သူတို့ဘာသာတွေနဲ့ အမည်နာမတွေပြောင်းလဲပြင် ဆင်ပြီး ဖော်ပြခဲ့ကြတယ်။ ၀တ္ထုဇာတ်လမ်းတွေ အများဆုံးရေးသားပြီး အသိပညာပေးခဲ့ကြတယ်။
ကျွန်တော် အစ္စလာမ်ကိုလည်း ကျွန်တော်ပြောမယ်။ ဘာသာကြီးလေးခု၏ အနှစ်သာရများ ဆိုပြီး ဆရာညိုသောင်း ရေးတဲ့ စာအုပ်ထဲမှာကိုပဲ ဘာသာအတွက် တိုက်ပွဲဝင်ခြင်းဆိုတာလည်း ပါဝင်တယ်တဲ့။ ကုရ်အာန်ကျမ်းမှာဆိုရင် ကျမ်းပိုဒ်ပေါင်း ၆၂၄၀ ရှိတယ်။ သူတို့ရဲ့ ယုံကြည်မှုအရ ကိုးကွယ်တယ် ၊ ၀တ်ပြုဆုတောင်းတယ်ဆိုတာကို ဘယ်သူမှလည်း မတားသင့်ဘူးဗျ။ ပိတ်ပင်စရာ အကြောင်းလည်း မရှိဘူး။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေကို လမ်းညွှန်ထားတဲ့ လမ်းညွှန်ချက်တွေထဲမှာ ဘာသာခြားတွေကို အစ္စလာမ်ဘာသာအား သွေဖည်ငြင်းပယ်သောသူများ အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်ဖို့တိုက်တွန်းထားတဲ့ ကျမ်းစာပိုဒ်တွေက အများကြီးပဲ။
လတ်တလောကိုပဲ ကြည့်လိုက်ဗျာ။ IS အဖွဲ့က ထုတ်ပြန်တဲ့ အပြစ်ပေးမှုဆိုင်ရာ ကုရ်အာန်ကျမ်းစာပိုဒ်တွေမှာကိုပဲ အလ္လာအရှင်မြတ်ကို ပြက်ရယ်ပြုသူကို သေစေရမယ်။ မိုဟာမက်ကို ပြက်ရယ်ပြုသူမှန်သမျှ သေစေရမယ်။
အစ္စလာမ်ကို သွေဖည်ငြင်းပယ်သူမှန်သမျှကို သေစေရမယ် ဆိုတဲ့ ယုံကြည်ချက်မျိုးဟာ လူ့အခွင့်အရေးနဲ့ပဲ နှိုင်းယှဉ်ကြည့်ပါအုံး။ လူသားတွေဟာ ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိပြီး တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး ဆက်ဆံတတ်ရမယ်လို့ ဆိုထားတာဗျ။ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဘာသာခြားတွေအပေါ် မေတ္တာထားခွင့်မရှိဘူး။ တာလီဘန်ခေါင်းဆောင်က စာသင်ကျောင်းကို ၀င်ရောက်တိုက်ခိုက်ပြီး သတ်ဖြတ်မှုတွေ လုပ်တယ်။ ဒီလိုလုပ်ခြင်းဟာ ပရောဖတ်ရဲ့ သင်ကြားလမ်းညွှန်မှုတွေနဲ့အညီ ဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုတော့ သူတို့မှာ ဘာမှ အပြစ်မရှိသလိုပဲ။ စဉ်းစားကြည့်ကြပေါ့ဗျာ . . . . .

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက ပြဿနာမဟုတ်ဘူး။ လူ့အခွင့်အရေးက ပြဿနာမဟုတ်ဘူး။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အနှောက်အယှက်ဖြစေသော ၊ လူ့အခွင့်အရေးပါ လူသားတစ်ဦးချင်းစီ၏ အခွင့်အရေးကို ကိုယ့်အခွင့်အရေးတစ်ခုအတွက် စဉ်းစားပြီး သတ်ဖြတ်ရမယ် သုတ်သင်ရမယ် ဆိုတဲ့ လမ်းညွှန်ချက်တွေကို လက်ကိုင်ထားပြီး သူတို့မှာ အပြစ်မရှိသလို ၊ ပရောဖတ်ရဲ့ ညွှန်ကြားချက်နဲ့ အညီ လုပ်တာပါဆိုတော့ - - - - စဉ်းစားကြပါအုံး။
 ဗုဒ္ဓဘာသာဖြစ်ရင် ဗုဒ္ဓရဲ့လမ်းညွှန်ချက်ကို လက်ကိုင်ထားမှာပဲ။ ဟိန္ဒူဘာသာဝင်ဖြစ်ရင် ဟိန္ဒူရဲ့လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ကြတာပဲ။ ခရစ်ယာန်ဆိုလည်း ခရစ်တော်ရဲ့ လမ်းညွှန်မှုတွေနဲ့အညီ နေထိုင်ကြတာပဲ။ လူသတ်ဖို့ကို ဘယ်ဘာသာကမှ အားပေးအားမြှောက် ပြုမထားဘူးဗျ။ မွတ်စလင်တွေ အလ္လာရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်တာတော့ ကျွန်တော်တို့ ဘာသာခြားတွေအတွက် အန္တရာယ်ရှိနေပြီ။ ဒီသဘောမဟုတ်ဘူးလား။
 ကမ္ဘာ့သမိုင်းမှတ်တမ်းတွေထဲမှာလည်း မွတ်စလင်က ဟိန္ဒူကို သတ်တဲ့အမှု ၊ မွတ်စလင်က ခရစ်ယာန်ကို သတ်တဲ့အမှု ၊ မွတ်စလင်က ဗုဒ္ဓဘာသာဝင်တွေကို ဘာသာရေးစစ်ပွဲ ဆင်နွှဲပြီး မွတ်စလင်နိုင်အဖြစ် သိမ်းပိုက်သွားခဲ့ကြတဲ့ အမှုတွေ ဖြစ်ခဲ့တာမဟုတ်ဘူးလား။ ယနေ့အချိန်ထိ တိတိကျကျ နှိုင်းယှဉ်လေ့လာမှုမျိုးမလုပ်ကြဘဲ ထင်ရာမြင်ရာကို ပြောပြီး မွတ်စလင်တွေရဲ့ အတုအယောင်မိတ်ဆွေဖွဲ့မှုကို အဟုတ်ကြီးထင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အလွယ်ပြောနေကြတယ်။
အဲဒီလိုနေထိုင်နိုင်ရေး လုပ်ဆောင်သူတွေအနေနဲ့ မွတ်စလင်ခေါင်းဆောင်တွေကို မေးရမှာ သူတို့ဘာသာရေးကျမ်းပါ လမ်းညွှန်ချက်တွေကတော့ တခြားဘာသာတွေအတွက်ပြဿနာရှိနေတယ်။ အဲဒါတွေကို ပြုပြင်ပေးနိုင်မယ်ဆိုရင် (သတ်မယ် ဖြတ်မယ် တိုက်ခိုက်မယ်) ဆိုတာတွေသာ မရှိရင် ယုံကြည်ရာ ကိုးကွယ်ခြင်းက သူ့ကြောင့်ကိုယ့်ကို အနှောက်အယှက်မဖြစ်စေသလို ၊ ကိုယ့်ကြောင့်လည်း သူ့မှာ အနှောက်အယှက် မဖြစ်စေဘူး။ အဲဒီလိုလေး တိတိကျကျ စဉ်းစားပြီးမှ ပြောဆိုဆွေးနွေးကြပါ။
 မွတ်စလင်တွေမှာက “ကာဖိ” မွတ်စလင်မဟုတ်သူ သွေဖည်ငြင်းပယ်သောသူတို့နှင့် အဆွေခင်ပွန်းများ မဖွဲ့ကြလေနှင့် ၊ အကယ်၍ မိတ်ဆွေဖွဲ့ခဲ့ပါမူ အလ္လာရှင်မြတ်နှင့် တစ်စုံတစ်ခုမျှ အလျှဉ်းမပတ်သက်တော့ချေ။ အကယ်၍ ကာဖိတို့၏ အန္တရာယ်မှ စိုးရိမ်ကြောင့်ကြနေပါမူ မိတ်ဆွေဖွဲ့ကြလေကုန်တဲ့။ ဒါက သတိထားမိစေဖို့ ပြောတာပါ။ ကုရ်အာန်ကျမ်းပါ ဘာသာခြားများကို တိုက်ခိုက်နှိမ်နှင်းဖို့ စာပိုဒ်တွေကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြလို့ ရပါတယ်။
 လေ့လာသုံးသပ် ဆင်ခြင်ပြီးကာမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လမ်းကို လျှောက်လှမ်းကြပါလို့ တိုက်တွန်းပါရစေဗျာ ။

 နောင်တော်လေး (ဘိုကလေး)

0 comments:

Post a Comment