8:16 AM
0
လူမျိုးအတုအယောင် ဖန်တီသုံးစွဲသူများအား ကန့်ကွက်ပွဲ ကျင်းပ ===========================================

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံ အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲသို့ ရောက်ရှိလာစဉ် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသွားခဲ့သော ရိုလိမ်ညာ များအပေါ်ခွဲခြားဆက်ဆံခြင်း မပြုရန် ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ရိုလိမ်ညာများအား တိုင်းရင်းသား အဖြစ်သတ်မှတ်ပေးရန် နှင့် ဥရောပသမဂ္ဂမှ အဆိုပါရိုလိမ်ညာများ တိုင်းရင်းသားဖြစ်ရေး အဆိုပြုတိုက်တွန်းမှုများအပေါ် ဦးဆောင်ဆရာတော်သံဃာတော်များ ၊ အမျိုးသားရေး အင်အားစုများ ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဆန္ဒဖော်ထုတ်ကန့်ကွက်ပွဲတစ်ရပ်ကို (၂၉ - ၁၁ - ၂၀၁၄) ရက်နေ့တွင် ကျင်းပခဲ့ကြသည်။



အဆိုပါဆန္ဒပြကန့်ကွက်ပွဲကို ရှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးသွန်း စုရုံးခဲ့ကြပြီး ဟစ်တိုင်အဖြစ် သတ်မှတ်ထားသော ကျိုက္ကဆံ(ဟစ်တိုင်)ကွင်းအထိ လူဦးရေ (၃၅၀၀) ခန့် ကြွေးကြော်သံ (၅)ချက်ဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ကျိုက္ကဆံ(ဟစ်တိုင်)ကွင်းတွင် ဟောပြောပွဲတစ်ရပ်ကို ကျင်းပရာ ဆရာတော် ဦးဝီရသူ၏ မိန့်ခွန်းကို မျိုးချစ်ရဟန်းပျိုများသမဂ္ဂ အတွင်းရေးမှူး ဦးဝိစိတ္တမှ ဖတ်ကြားသွားခဲ့ပြီး ဆရာတော်၏ မိန့်ခွန်းတွင် “ကျုပ်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျုပ်တို့ပြည်သူတွေပဲ ပိုင်စိုးတယ်။ ကျုပ်တို့နိုင်ငံရဲ့ ကံကြမ္မာကို ကျုပ်တို့ပြည်သူတွေပဲ ဖန်တီးခွင့်ရှိတယ်။ ကျုပ်တို့နိုင်ငံရဲ့ အနာဂတ်ဟာ ကျုပ်တို့ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်။ ကျုပ်တို့ပြည်သူတွေရဲ့ မူပိုင်အခွင့်အရေးကို ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံကမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူး။ ၀င်ရောက်စွက်ဖက်လာရင် UN ကိုလည်း ငုံ့မခံဘူး။ အမေရိကန်ကိုလည်း ငုံ့မခံဘူး။ ကျုပ်တို့ပြည်သူတွေရဲ့ တုန့်ပြန်သံကို ဘ၀ဂ်ညံအောင် သိစေရမယ်။ မစ္စတာ ဘန်ကီမွန်း ရိုလိမ်ညာနာမည်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုရင် နိုင်ငံတကာမှာ သွားပြော မြန်မာပြည်မှာ လာမပြောနဲ့။ ကုလသမဂ္ဂ လူနည်းစုစံနှုန်းအရဆိုရင် ရခိုင်တိုင်းရင်းသားတွေကိုပဲ တန်ဖိုးထား လေးစားပါ။ ဘူးသီးတောင် ၊ မောင်တောမှာ ရခိုင်တွေက ၃ရာခိုင်းနှုန်းပဲ ရှိတော့လို့ပဲ။ နောက်ဆုံးအနေနဲ့ ပြောလိုက်မယ်။ နောက်တစ်ခါ မြန်မာပြည်ထဲ ရိုလိမ်ညာ အမှိုက်တွေ သယ်မလာပါနဲ့။ ရှုပ်ပါတယ်ဆိုမှ အမှိုက်တွေ သယ်လာအုံးမယ်ဆိုရင် ခင်ဗျားကို ပြဿနာကောင် ဘန်ကီမွန်းလို့ပဲ ခေါ်လိုက်မယ်။ ပြဿနာကောင် ဘန်ကီမွန်း အခုထွက် . . . ဒါပဲ။” ဟူ၍ ဖော်ပြပါရှိသည်။
 အဆိုပါဟောပြောပွဲတွင် ရခိုင်တိုင်းရင်းသား ဆရာဦးဖေသိမ်းမှ ဘန်ကီမွန်း၏ လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးတည်ရမည့်အစား မြန်မာပြည်ကို လောင်စာတိုက်သွင်းနေသည်ဟု လည်းကောင်း ၊ ရခိုင်တိုင်းရင်းသူတစ်ဦးမှလည်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဖြင့် လာဘ်ပေးလာဘ်ယူ နိုင်ငံသားကဒ် ရယူသူ ၊ ထုတ်ပေးသူများကို ပြစ်ဒဏ်များချမှတ်နိုင်ကြောင်း ရှင်းလင်းဟောပြောသည်။
 မြန်မာ့အမျိုးသားရေး ကွန်ယက်မှ ဦးဝင်းကိုကိုလတ်က အတုအယောင် ဖန်တီးနေမှုများကို အများပြည်သူက လက်ပိုက်ကြည့်မနေဖို့ ၊ ၀ိုင်းဝန်းကန့်ကွက်နိုင်မှသာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး နောင်ရေးစိတ်အေးရမည့်အကြောင်း ပြောကြားသည်။ မြန်မာ့အမျိုးသားရေးကွန်ယက် ဒုဥက္ကဌ(၁) ဦးချစ်ကိုကိုမှလည်း ဘန်ကီမွန်းထံ အိတ်ဖွင့်ပေးစာကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားသွားခဲ့သည်။

အဆိုပါဟောပြောပွဲအစီအစဉ်တွင် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတ နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံစဉ် မွတ်စလင်ပါတီသုံးခုမှ ပသီတိုင်းရင်းသားဖြစ်ရေးကိုလည်းကောင်း ၊ (ရိုလိမ်ညာအခြေအနေမကောင်း၍ ပသီဘက်ကို လှည့်လာကြောင်း) ၊ တိုင်းရင်းသား စာရင်းဝင် ကမန်များကလည်း ဒုက္ခသည်စခန်းများရှိ မွတ်စလင်များမှာ ခိုးဝင်ဘင်္ဂလားမဟုတ်ဘဲ ကမန်များဖြစ်သည်ဟု ခိုးဝင်ဘင်္ဂလားကို ၎င်းတို့အထဲ စွဲသွင်းနေကြောင်း ၊ ခိုးဝင်ဘင်္ဂလားဟူ၍ မရှိကြောင်း ပြောဆိုသွားခဲ့ကြသည်ကို ပြန်လည်ရှင်းလင်းသည်။ မွတ်စလင်အခြေပြု ပါတီများအနေဖြင့် တိုင်းရေးပြည်ရာ အခန်းအနားများတွင် ၎င်းတို့အရေးအတွက်သာ ကြက်ထုတ်ထိုးနေကြသည်ကို သတိပြုရန်လိုအပ်ကြောင်း ၊ နိုင်ငံတော်မှ ထုတ်ပေးထားသော White Card ဖြင့် မည်သည့်နိုင်ငံသားဖြစ်သည်ကို ဖော်ညွှန်းနိုင်ခြင်းမရှိကြောင်း White Card များ မဲပေးခွင့်ကို ကန့်သတ်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 မြန်မာ့အမျိုးသားရေးကွန်ယက်မှ ကိုနောင်တော်လေး ဟောပြောရာတွင် မြန်မာ့တိုင်းရင်းသား လူမျိုးစုအဖြစ် သတ်မှတ်ထားသူတွေဟာ တိုင်းရင်းသား လူမျိုးစုကြီး (၈)မျိုးဖြစ်တဲ့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း အစရှိသည့် တိုင်းရင်းသားလူမျိုးစုကြီးများ၏ မျိုးနွယ်စုများကိုသာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ၊ ဦးဖိုးကျား၏ မြန်မာရာဇ၀င်ကျမ်းတွင် အထင်အရှားရှိပါကြောင်း ၊ တိုင်းပြည်တစ်ခု၏ သမိုင်းကို လေ့လာခြင်းမရှိဘဲ ထင်ရာစိုင်းပြောဆိုနေသော ဘန်ကီမွန်းအား ကန့်ကွက်ကြောင်း ၊ တိုင်းရင်းသားထဲတွင် ရခိုင် နှင့် ဗမာဆိုသည်မှာ ညီအစ်ကိုအရင်းများဖြစ်ကြောင်း အခြားသော တိုင်းရင်းသားများသည်လည်း ထိုနည်းတူစွာပင်ဖြစ်ကြောင်း ၊ ကျွန်တော်တို့ တိုင်းပြည်နှင့် လူမျိုးအတွက် မီးတုတ်ဖြစ်နေသော ဘန်ကီမွန်း၏ ပရမ်းပတာပါးစပ်ကို ပိတ်ထားလိုက်ပါတော့” ဟုပြောဆိုသွားခဲ့သည်။ ဘန်ကီမွန်းနှင့်တကွ လူမျိုးအတုအယောင် ဖန်တီးသုံးစွဲသူများကို မြန်မာနိုင်ငံအနှံ ကန့်ကွက်ပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ကန့်ကွက်ပွဲတွင် “တိုင်းရင်းသား (၁၃၅)မျိုး ထပ်တိုးမည့်အကြံ ဒို့လက်မခံ ၊ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နှောက်ယှက်သော ဘန်ကီမွန်း အလိုမရှိ ၊ Islamic State ထူထောင်မည့်အကြံ လက်မခံ ၊ လူမျိုးအတုအယောင်ဖန်တီးသူ ဒို့ရန်သူ ၊ လူမျိုးအတုအယောင်ဖန်တီးသူများအား ဆန့်ကျင်ကြ” ဟု ကြွေးကြော်သံကို သုံးကြိမ်တိုင်တိုင် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြသည်။ အမျိုးသားရှေ့ဆောင်

0 comments:

Post a Comment